ငရုပ်ပွသီး


ငရုပ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

တစ်ချို့က ငရုပ်သီးက စပ်လို့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရမှာ မဟုတ်ပါဘူးလို့ တွေးချင်တွေးကြ မှာပါ။ တကယ်တော့ ငရုပ်ပွသီးများ မှာလည်း လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူး တွေကို ပေးစွမ်းနိုင်ပါတယ်။ ရောဂါကို ဖြစ်စေနိုင်တဲ့ ငရုပ်သီး ဆိုတာက စားသုံးရန် အဆင်သင့် ကြော်လှော်ထားတဲ့ ဆိုဆေးများစွာ ပါရှိတဲ့ ငရုပ်သီးတွေ ကသာ ရောဂါဖြစ်စေနိုင် တာပါ။
ငရုပ်ပွသီး တွေဟာ ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့ အပြင် ကိုလက်စထရော လျော့ကျပေးနိုင်ပါတယ်။ ဒါ့အပြင် အတွင်းတိမ်ရောဂါနှင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင် ပါတယ်။ အသားအရေနှင့် ဆံကေသာ အတွက်လည်း အထူးပင် ကောင်းမွန်ကြောင်း သိရပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေနိုင်ပါတယ်။ အာရုံကြော ရောဂါတွေ အတွက်လည်း မှီဝဲသင့်ပါတယ်။
အစိမ်း၊ အဝါ၊ အနီ စသော အရောင်တွေနဲ့ ငရုတ်ပွသီး တွေကို မှီဝဲသင့်တဲ့ အတွက် မျှဝေပေးလိုက် ရပါတယ်။

http://goo.gl/odZAvC
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

No comments:

Post a Comment